ထမင်းဖြူဖိုးပဲ ရှိတဲ့ကျောင်းသားလေးကို နေ့တိုင်းကျောင်းပြီးတဲ့ အထိကျွေးခဲ့တဲ့ ဆိုင်ရှင်လင်မယား

ထမင်းဖြူဖိုးပဲ ရှိတဲ့ကျောင်းသားလေးကို နေ့တိုင်းကျောင်းပြီးတဲ့ အထိကျွေးခဲ့တဲ့ ဆိုင်ရှင်လင်မယား

တက္ကသိုလ်ကျောင်းနှင့် အလှမ်းမဝေးလှတဲ့နေရာ တစ်နေရာမှာ ထမင်းဆိုင်သေးသေးလေးတစ်ဆိုင်ရှိတယ်။ ကောင်လေးတစ်ယောက်က ထမင်းလာမှာတယ် သူ့ပုံကြည့်ရတာ တစ်မျိုးပဲ ဆိုင်ရှင်နားကပ်ပြီး

လေသံတိုးတိုးလေးနှင့် “ဟိုလေသားကို ထမင်းဖြူ အလွတ်တစ်ပွဲလောက် ရောင်းပေးလို့ရလားခင်ဗျ သားပိုက်ဆံမလောက်လို့ပါ”တဲ့ ဆိုင်ရှင်ကလည်း အစကတော့ ဒီကလေးက ဘာလဲပေါ့ တိုးတိုးလေးပြောတာဆိုတော့ နောက်တော့

သူပိုက်ဆံမလောက်လို့ဆိုမှ ဆိုင်ရှင်က” ရပါတယ်သားရယ်”ဆိုပြီး ပြောပြော ဆိုဆိုနှင့် ဆိုင်ရှင်အဒေါ် ကြီးက” ယောက်ျားရေ ထမင်းဖြူ အလွတ်တစ်ပွဲလောက် လုပ်ပေးပါဦး”အော်ဟင်းချိုနဲ့ ငါးပိရည်လည်း ထည့်ပေးဖို့မမေ့နဲ့နော်..” ဆိုပြီး

သူ့ယောက်ျားဖြစ်သူကို စီစဉ်ခိုင်းလိုက်တယ်။ သူ့ယောကျာ်းကလည်း ထမင်းအဖြူတစ်ပွဲကို ကောင်လေးထိုင်နေတဲ့ ခုံမှာသွားချပေးလိုက်တယ်။

ကောင်လေးက အဲ့လိုနဲ့ မပြီးသေးဘူး သူ့ကိုထပ်မှာတယ် “ဟိုလေ..သားအတွက်နောက်ထပ် ဟင်းမပါတဲ့ ထမင်းအဖြူ အလွတ် တစ်ထုတ်ထပ်လုပ်ပေးလို့ ရလားခင်ဗျ” ကောင်းလေးခမျာ ပြောသာပြောနေရရှာတယ်

သူ့မျက်နှာက အတော်လေးကို အားနာနေတဲ့ပုံပေါ်တယ်။ ဆိုင်ရှင်ကလည်း “ရပါတယ်သားရယ် ဒါနဲ့ ဒီထမင်းထုတ်က မင်းဘာသွားလုပ်ဖို့လည်း

” သား ညနေကြရင်စားဖို့ပါဦး ” အဲ့လိုနဲ့ ဆိုင်ရှင်အဖိုးကြီးက သူ့ကိုဂရုနာသက်တဲ့ မျက်လုံးနှင့်ကြည့်ပြီး “အင်း..ဒီကောင်လေးကို ကြည့်ရတာမြို့မှာသာ ကျောင်းလာတက်တယ် အိမ်ကမိဘတွေကငွေရေးကြေးရေး အခက်ခဲ ရှိပုံရတယ်လေ” ဆိုပြီး စိတ်ထဲက ရေရွတ်လိုက်တယ်။

အမှန်တကယ်တော့ ဆိုင်ပိုင်ရှင် သူတို့လင်မယားကလည်း တစ်နေ့လုပ် တစ် နေ့စားပါ အခု ဒီဆိုင်နေရာလေးကိုလည်း သူများကငှားပေးလို့သာ ကံ ကောင်းပြီး ဈေးရောင်းရတဲ့ဘဝပါ မရှိတဲ့သူတွေအချင်းချင်းမို့လည်း အဆင် ပြေတဲ့သူတွေကို စာနာတတ်တဲ့စိတ်ကလည်း သူတို့လင်မယားမှာ ရှိပြီးသားပါ။

အဲ့လိုနဲ့ ဆိုင်ရှင်ယောကျာ်းက ဟင်းအိုးမှ ဟင်းတွေကိုခတ်ပြီး ထမင်းများနဲ့ သူဖုံးဖိပြီးထည့်နေမိတယ် ဒါကို မိန်းမဖြစ်သူကမြင်တော့ ”ရှင်ဘာလုပ်နေတာလည်း”တဲ့ ယောကျာ်းဖြစ်သူကလည်း” ငါ ကောင်းလေးအတွက် ထမင်းထည့်ပေးနေတာလေ

“အော်ရှင်ကလည်း တုံးလိုက်တာ ပေးချင်နေမှတော့ ဝှက်ပြီးပေးစရာလား ဒီအတိုင်းပေးလည်း ရရဲ့သားနဲ့ကို ဘာလဲ ရှင်ကကျွန်မမြင်မှာ ကြောက်လို့လား?? ကြောက်စရာမဟုတ်တာရှင် ကျွန်မလည်းစာနာထောက်ထားတတ်တဲ့ မိန်းမသားတယောက်ပါ

ဟာ ဒီမိန်းမ!! ဘာတွေလာပြောနေတာလည်း!! ဒီအတိုင်း ပေါ်တင်ပေးလိုက်တော့ သူ့ကို အထင်သေးရာရောက်သွားမှာပေါ့ဟ!!ငါ့မိန်းမကလည်း ပြီးတော့ သူလည်း ရှက်သွားရင်နောက်ဆို တို့ဆိုင်ကို သူဘယ်လိုလုပ်ပြီး လာရဲတော့မလည်းကွ!!

အဲ့လိုပြောလိုကတော့ မိန်းမဖြစ်သူက လင်ယောက်ျားကိုကြည့်ပြီး ပီတိဖြစ်မိသည်” အမလေး ငါ့ယောက်ျားက သနားတတ်ရုံ တစ်မျိုးတည်းမဟုတ်ပဲ လူတစ်ယောက်ကို အဖက်ဖက်ကစာနာစိတ်ကလည်း ကြီးမားပါလေရဲ့တော်

” ဒီလိုနဲ့ပဲ ကောင်းလေးဟာ သူတို့ဆိုင်မှာလာပြီး ကျောင်းပြီးသည်အထိ ထမင်းလာစားခဲ့တယ် သူတို့လင်မယားကလည်း တစ်နေ့တစ်မျိုး မရိုးလေအောင် ဟင်းအမျိုးမျိုးကို ထမင်းနဲ့ဖုံးဖိပြီး ပေးလေ့ရှိခဲ့တယ် ဒီလိုနဲ့ ကျောင်းလည်း ပြီးသွားတော့ ကောင်လေးက သူတို့ဆိုင်ကို ၁၀ နှစ်ကျော်ကြာမျှတောင် တစ်ခါမှ

ရောက်မလာတော့ပါဘူး ဒီလိုနဲ့ သူတို့လည်း ထမင်းဆိုင်လေးကို ပုံမှန်ရောင်းပေးနေရင်း တစ်နေ့တော့ မြေပိုင်ရှင်က မြေကိုရောင်းလိုက်ပြီးဖြစ်ကြောင်း ဒီနေရာကနေ ဖယ်ပေးရတော့မည်ဖြစ် ကြောင်း လာပြောသောအခါ

လင်မယားနှစ်ယောက်သား စိတ်ပျက်လက်ပျက်ဖြစ်ပြီးအိမ်မှာ ထိုင်မိုင်နေကြစဉ် သူတို့နေတဲ့ အိမ်နားသို့ကားတစ်စီးကထိုးရပ်လာသည် အဝတ်အစားသန့်သန့်ပြန့်ပြန့်နဲ့ လူတယောက် ကားပေါ်မှ ဆင်းပြီး သူတို့ရှိရာသို့ လျှောက်လာသည် ဆိုင်ရှင်လင်မယားရှေ့လည်းရောက်

” ကျွန်တော်က ကုမ္မဏီတစ်ခုရဲ့ မန်နေဂျာတစ်ဦးပါခင်ဗျာ ကျွန်တော့်သူဌေးက အဒေါ်တို့လင်မယားချက်တဲ့ဟင်းကို အရမ်းကြိုက်တဲ့ သူတစ်ယောက်ပါ အဲဒါကြောင့် ကျွန်တော်တို့ ကုမ္မဏီအနီးမှာ ဆိုင်ဖွင့်ပေးဖို့ တောင်းဆိုထားလို့ပါ” ဆိုပြီး မန်နေဂျာလေးကပြောတော့ လင်မယားနှစ်ယောက်လုံး အံ့အားသင့် သွားတယ်

သူတို့လို ဆိုင်စုတ်စုတ်လေးမှာ ဘယ်လိုသူဌေးကများ လာပြီးစားဖူးပါလိမ့်ပေါ့ ပြီးတော့လည်း သူတို့မှာရှိတာက အိုးစုတ်ခွက်စုတ်တွေမို့ ကုမ္မဏီကြီးအနား ထမင်းဆိုင်သွားဖွင့်ရမှာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ အဲ့လိုနဲ့ သူတို့လင်မယားက တောင်းဆိုချက်ကို ငြင်းခဲ့တယ် ဒီလိုနဲ့ မန်နေဂျာလေးကလည်း

“အဲဒီအတွက်ဘာမှ မပူပါနဲ့ဗျာ ကျွန်တော့်သူဌေးက အစစ အရာရာ ပြင်ဆင်ထားပြီးသားပါ သွားပြီးချက်ပြုတ်ရုံ သက်သက်ပါ ခင်ဗျာ” ဆိုတော့ အဲဒီသူဌေးက ဘာဖြစ်လို့ သူတို့အပေါ် ဒီလောက်ကောင်းနေရတာလည်းပေါ့ သူတို့နားမလည်ခဲ့ ပါ

နောက်ဆုံးတော့ သူတို့အပေါ် ကောင်းတဲ့သူဌေးကြီးက တစ်ချိန်က သူတို့ဆီက ထမင်းအဖြူ တစ်ထုပ်နဲ့ ကျွေးခဲ့ဖူးတဲ့ ကျောင်းသားလေးမှန်းသိရတော့ ဝမ်းသာဝမ်းနည်း ဖြစ်ခဲ့ရတယ်။” ဦးနဲ့အဒေါ်သာ ကျွန်တော့်ကို မကူညီပေးခဲ့ရင် ကျွန်တော်ဒီလိုဘဝမျိုးကို ရောက်လာမှာ မဟုတ်ပါဘူး

အခုလို ပြန်လည်ကျေးဇူးဆပ်ခွင့်ရတာ ကျွန်တော်အရမ်းဝမ်းသာပါတယ် ဗျာ လိုတာရှိရင်ပြောပါ ဘာမှ အားမနာကြပါနဲ့ …

(စေတနာထားတတ်ရုံနဲ့ မလုံလောက်ဘူး အဖက်ဖက်ကကြည့်ပြီး စာနာမူ့လည်း ထားတတ်ရမယ် ယခုလို IT ခေတ်မှာ မရှိသူကို ကူညီတတ်ကြတဲ့ သူတစ်ချို့သတိထားသင့်တယ် သူတစ်ပါးကို ကူညီလိုလျှင် သူ့ရဲ့ဂုဏ်သိက္ခာကိုလည်း ထည့်တွေးသင့်တယ် ကိုယ့်ရဲ့စေတနာကို ပုံရိုက်ပြီး တင်ပြနေစရာမလိုဘူး စေတနာအောက်မှာ သူတစ်ပါးရဲ့ဂုဏ်သိက္ခာတွေနစ်ပျောက်သွားတတ်လို့ပါ)

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ် ။

Credit//