Buddhism

ဆွမ်းလောင်းရခြင်း အကျိုး (၁၂)ပါး…..

ဆွမ်းလောင်းရခြင်း အကျိုး (၁၂)ပါး

၁= တာဝတိံသာနတ်ပြည် နတ်မင်းကြီး၏ မိဖုရားအဖြစ်ကိုရခြင်း။

၂= စကြာမင်း၏ မိဖုရားအဖြစ်ကို ရခြင်း။

၃= မရေတွက်နိုင်သော ပဒေသရာဇ်မင်းအဖြစ်ကို ရခြင်း။

၄= ကြာညို ပန်းအဆင်းနှင့် တူသော အဆင်းရှိသည် ဖြစ်၍ အလွန် အဆင်း လှခြင်း။

၅= ကိုယ်အင်္ဂါ အားလုံး နှင့် ပြည့်စုံသည်ဖြစ်၍ လွန်စွာ ရှုချင်စဖွယ် ရှိခြင်း။

၆= မြတ်သော အမျိုး၌ ဖြစ်၍ အလင်းရောင်ကို ဆောင်နိုင်ခြင်း။

၇= မောင်းမ တစ်ထောင်တို့၏ အကြီးအမှူးးဖြစ်ခြင်း။

၈= မရေမတွက်နိုင်သော သင်္ကန်း, ဆွမ်း, ဆေးပစ္စည်း ကျောင်း အိပ်ရာနေရာ တို့ကို ရရှိခြင်း။

၉= ဆွမ်းလှူ ခဲ့သည့် အချိန်မှစ၍ သုံးဆယ့်တစ်ကမ္ဘာ တိုင်တိုင် ဒုဂ္ဂတိဘဝသို့ မလားရောက်ရခြင်း။

၁၀= လူဘဝနှင့် နတ်ဘဝ နှစ်မျိုး တို့၌သာကျင်လည်ခဲ့ ရခြင်း။

၁၁= များသော စည်းစိမ်း ဥစ္စာရှိ၍ မြင့်မြတ်သော အမျိုး၌ ဖြစ်ရခြင်း။

၁၂= နောက်ဆုံးဘဝ၌ ကိလေသာကုန်ခန်း၍ ရဟန္တာဖြစ်ရခြင်း။ မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။ အရှင်ကဝိသာရ နွေဦးမေတ္တာ ကောင်းကျိုးလိုရာဆန္ဒပြည့်ပါစေ ။ လုံးစုံများစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

အပ္ပမာဒေန သမ္မာဒေထ (ခရက်ဒစ်)

အပြည့်အစုံဖတ်ရန်