သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ကာလတွေမှာ မီးရှုးမီးပန်းများ မဖောက်ကြရန် န.စ.က သတိပေး

သီတင်းကျွတ် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း တားမြစ်ကန့်သတ်ချက်များ န.စ.က ထုတ်ပြန်

မကြာခင်ကျရောက်မယ့် သီတင်းကျွတ်နဲ့တန်ဆော င်တိုင်ကာလတွေမှာမီးရှူးမီးပန်းတွေပစ်လွှတ်တာတွေ၊ ဗြောက်အိုးဖောက်တာတွေမပြုလုပ်ဖို့စစ်ကောင်စီက ဒီနေ့ထုတ်သတင်းစာတွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။…

အများပြည်သူတွေအနေနဲ့ သီတင်းကျွတ်မီးထွန်းပွဲတော်နဲ့ တန်ဆောင်တိုင်ပွဲတော်ကာလတွေမှာ မီးရှူးမီးပန်းများပစ်လွှတ်ခြင်း၊ ဗြောက်အိုး၊ ရှူးဒိုင်းများပစ်ဖောက်ခြင်းများ ပြုလုပ်လေ့ရှိတာကြောင့် ဒါတွေကိုမပြုလုပ်ဖို့နဲ့ပြုလုပ်ရင် အရေးယူမယ်လို့သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။…

နိုင်ငံတော်ရဲ့အရေးပေါ်ကာလမှာသီတင်းကျွတ်ကာလကိုအခွင့်ကောင်းယူပြီး မလိုလားအပ်တဲ့ပြဿနာတွေကြုံတွေ့နိုင်တဲ့အတွက် အခုလိုထုတ်ပြန်ရတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပြောထားပါတယ်။…

မီးရှူးမီးပန်း၊ဗြောက်အိုးနဲ့ရှူးဒိုင်းစတဲ့ သီတင်းကျွတ်ကာလ ပျော်ပွဲရွှင်ပွဲအနေနဲ့ အသုံးပြုတဲ့ ဒီပစ္စည်းတွေကို သယ်ဆောင်ဖြန့်ဖြူးတာ၊ သိုလှောင်တာရောင်းချတာ၊ ပစ်ဖောက်တာတွေကို တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။…

—————-