အိမ်မှာ စိုက်ပျိုးရင် ကျန်းမာရေးအကျိုးကျေးဇူးများသော အပင် (၇)မျိုး

ကမ္ဘာပေါ်မှာ အပင်မျိုးစိတ်ပေါင်း ၄၅၀၀၀၀ လောက်ရှိပါတယ်။ အဲဒီအထဲက မျိုးစိတ်ပေါင်း ၃၅၀၀၀ ကနေ ၇၀၀၀၀ လောက်ဟာ ကမ္ဘာလုံးဆိုင်ရာဆေးဝါးအတွက် အထူးအသုံးဝင်ပါတယ်။ ဒီအတွက်ကြောင့် အထူးသဖြင့် အပင်အချို့ကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးအားလုံးနှင့်အတူ အိမ်ထဲမှာ စိုက်ပျိုးချင်တဲ့အပင်ကို ရွေးရတာ ခက်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်အိမ်ထဲမှာ စိုက်ပျိုးလို့ရပြီး သူတို့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့် လူသိများထင်ရှားသော အပင် (၇)မျိုးအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ Ginkgo biloba

Ginkgo biloba ဟာရှေးအကျဆုံး သက်ရှိသစ်ပင်မျိုးစိတ်တစ်ခုဖြစ်ပြီး တရုတ်ဆေးပညာမှာ အသုံးအများဆုံးအပင်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဂင်ဂိုရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေဟာ ၎င်းရဲ့အင်တီအောက်ဆီဒင့်ပါဝင်မှု မြင့်မားခြင်းနှင့် ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေကြောင့် ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ လေ့လာမှုတွေအရ ဒီအပင်ဟာ အပျော့စား ဦးနှောက်အာရုံကြော အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းကို အထောက်အကူဖြစ်စေပါတယ်။ အရိုးကုသမှုမှာ လွှမ်းမိုးမှုလည်း ရှိနိုင်ပါတယ်။
ADVERTISEMENT

၂။ Chamomile

လက်ဖက်ရည်တွေမှာ အများအားဖြင့် တွေ့ရသော်လည်း ချာမိုမိုင်းကို နှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ အိပ်စက်မှုအရည်အသွေး၊ သွေးတွင်းသကြားဓါတ်အဆင့်နှင့် သိုင်းရွိုက်ကင်ဆာကဲ့သို့သော အချို့ကိစ္စတွေအတွက် အကျိုးကျေးဇူးတွေကို ပြသထားတဲ့ လေ့လာမှုများစွာရှိပါတယ်။

၃။ Echinacea (ဆေးပြောင်းပန်း)

Purple coneflower လို့လည်း လူသိများတဲ့ Echinacea(ဆေးပြောင်းပန်း)ဟာ အင်တီအောက်ဆီဒင့်တွေကို မြှင့်တင်ပေးပြီး ကျွန်တော်တို့ရဲ့ခုခံအားစနစ်ကို အကျိုးပြုသောသက်ရောက်မှုတွေကြောင့် လူသိများပါတယ်။ ၎င်းက ဗိုင်းရပ်စ်တွေနဲ့ ကူးစက်ရောဂါတွေကို တိုက်ဖျက်ရာမှာကူညီနိုင်ပြီး မြန်မြန်နေပြန်ကောင်းလာအောင် ကူညီနိုင်ပါတယ်။ ဒါ့အပြင် စိုးရိမ်ပူပန်မှုကိုလည်း သက်သာစေပါတယ်။

၄။ Feverfew

ဒီပန်းဟာ ချာမိုမိုင်းပန်းနဲ့ အမြင်မှာ ဆင်တူသော်လည်း အကျိုးကျေးဇူးက အရမ်းပဲကွဲပြားခြားနားပါတယ်။ အစဉ်အလာအရ feverfew ကို ဖျားနာခြင်း ကုသရာမှာ သုံးပါတယ်။ သို့သော် ယခုအချိန်မှာ ၎င်းကို နာကျင်မှုသက်သာစေပြီး ကင်ဆာဆန့်ကျင်သော ဂုဏ်သတ္တိများရှိတယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။

၅။ Ginger

ဂျင်းက ကျန်းမာရေးကို အများကြီးအကျိုးပြုတာ လူတိုင်းသိကြပါတယ်။ ဂျင်းက ကိုယ်ဝန်ကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ပျို့အန်ခြင်းကို အကူအညီပေးနိုင်ပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ သောက်တဲ့ Novafen ဆေးလို တူညီတဲ့ ထိရောက်မှုရှိပုံရပါတယ်။

၆။ Rosemary

ဂျင်းလိုပဲ Rosemary ကိုအချက်အပြုတ်လောကမှာ အချိန်ကြာမြင့်စွာ အသုံးပြုခဲ့ကြပြီး သူက ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို များစွာ အကျိုးပြုပါတယ်။ ဒီအပြင်က ကျွန်တော်တို့ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်သော antioxidants ရဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ စိတ်ကျရောဂါနဲ့ စိုးရိမ်သောကတွေကို သက်သာပျောက်ကင်းစေပြီး မှတ်ဉာဏ်ကိုလည်း တိုးတတ်စေပါတယ်။

၇။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဟာ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက အသုံးပြုခဲ့သော နာမည်ကြီးအပင်ဖြစ်ပါတယ်။ လေ့လာမှုများစွာက နေလောင်ခြင်းကို ကုသရာမှာ အကျိုးရှိနိုင်ပါတယ်။ အရေပြားနီမြန်းခြင်းကို သက်သာစေပြီး ဝက်ခြံနဲ့ သက်ဆိုင်တဲ့ ယားယံခြင်းကို သက်သာစေပါတယ်။