International

ကန် နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံ စင်ကာပူနဲ့ထိုင်းနိုင်ငံမှာ မြန်မာ့အရေးသွား‌ရောက် ဆွေးနွေး

အရှေ့တောင်အာရှ သုံးနိုင်ငံခရီးစဉ်အတွင်း စင်ကာပူကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံ‌ခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ မနေ့က တွေ့ဆုံဆွေးနွေးပါသည်။

အမေရိကန်-စင်ကာပူဆက်ဆံရေးနဲ့ မြန်မာနိုင်ငံလို ဒေသတွင်းကပေါ်ပေါက်နေတဲ့ ပြဿနာတွေမှာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေဆွေးနွေးတယ်လို့ Derek Chollet က သူ့ twitter လူမှုကွန်ရက်မှာရေးသားထားပါတယ်။ ဒါ့အပြင် ပင်လယ်ရပ်ခြားမှာ စစ်အာဏာပိုင်တွေရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေကို ကန့်သတ်ဖို့ နည်းလမ်းတွေကို စင်ကာပူဗဟိုဘဏ် ဒု-အုပ်ချုပ်မှုဒါရိုက်တာ Ms. Ho Hern Shin နဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးခဲ့တယ်လို့လည်း ရေးသားပါတယ်၊

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဟာ ထိုင်းနိုင်ငံကိုလည်း ရောက်ရှိခဲ့ပြီး မြန်မာတွေကို အကူအညီပေးဖို့ ဆွေးနွေးခဲ့ပါတယ်။ Derek Chollet နဲ့ အဖွဲ့ ထိုင်းကို ဒီလ ၁၈ ရက်ကရောက်လာပြီး ၁၉ ရက်နေ့က ပြန်လည်မထွက်ခွာခင် ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်ပြီး အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲလည်းဖြစ်တဲ့ Don Pramudwinai နဲ့တွေ့ဆုံခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကတဆင့် မြန်မာတွေကို ကူညီဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ထိုင်းနိုင်ငံက စဉ်းစားသုံးသပ်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Tanee Sangrat က မနေ့က ပြောကြားပါတယ်။

မြန်မာနိုင်ငံအခြေအနေကို ထိုင်းနဲ့ အမေရိကန်တို့ ဆွေးနွေးတဲ့အကြောင်းနဲ့ ထိုင်း-အမေရိကန် ပူးပေါင်းပြီး မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီပေးနိုင်မယ့် အလားအလာကို ဆွေးနွေးတဲ့အကြောင်း မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူက ပြောပါသည်။

Zawgyi Font

အေရွ႕ေတာင္အာရွ သုံးႏိုင္ငံခရီးစဥ္အတြင္း စင္ကာပူကို ေရာက္ရွိေနတဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံ Derek Chollet ဟာ ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး စင္ကာပူႏိုင္ငံ‌ျခားေရးဝန္ႀကီး Vivian Balakrishnan နဲ႔ မေန႔က ေတြ႕ဆုံေဆြးေႏြးပါသည္။

အေမရိကန္-စင္ကာပူဆက္ဆံေရးနဲ႔ ျမန္မာႏိုင္ငံလို ေဒသတြင္းကေပၚေပါက္ေနတဲ့ ျပႆနာေတြမွာ ပူးေပါင္းေဆာင္႐ြက္ေရး ကိစၥရပ္ေတြေဆြးေႏြးတယ္လို႔ Derek Chollet က သူ႔ twitter လူမႈကြန္ရက္မွာေရးသားထားပါတယ္။ ဒါ့အျပင္ ပင္လယ္ရပ္ျခားမွာ စစ္အာဏာပိုင္ေတြရဲ႕ ေငြေၾကးပိုင္ဆိုင္မႈေတြကို ကန႔္သတ္ဖို႔ နည္းလမ္းေတြကို စင္ကာပူဗဟိုဘဏ္ ဒု-အုပ္ခ်ဳပ္မႈဒါ႐ိုက္တာ Ms. Ho Hern Shin နဲ႔ ေတြ႕ဆုံခ်ိန္မွာ ေဆြးေႏြးခဲ့တယ္လို႔လည္း ေရးသားပါတယ္၊

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံ Derek Chollet ဟာ ထိုင္းႏိုင္ငံကိုလည္း ေရာက္ရွိခဲ့ၿပီး ျမန္မာေတြကို အကူအညီေပးဖို႔ ေဆြးေႏြးခဲ့ပါတယ္။ Derek Chollet နဲ႔ အဖြဲ႕ ထိုင္းကို ဒီလ ၁၈ ရက္ကေရာက္လာၿပီး ၁၉ ရက္ေန႔က ျပန္လည္မထြက္ခြာခင္ ထိုင္းဒုတိယဝန္ႀကီးခ်ဳပ္နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္ၿပီး အမ်ိဳးသားလုံၿခဳံေရးေကာင္စီ အႀကီးအကဲလည္းျဖစ္တဲ့ Don Pramudwinai နဲ႔ေတြ႕ဆုံခဲ့ပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ကတဆင့္ ျမန္မာေတြကို ကူညီဖို႔ အေမရိကန္ျပည္ေထာင္စုနဲ႔ ထိုင္းႏိုင္ငံက စဥ္းစားသုံးသပ္ေနတယ္လို႔ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Tanee Sangrat က မေန႔က ေျပာၾကားပါတယ္။

ျမန္မာႏိုင္ငံအေျခအေနကို ထိုင္းနဲ႔ အေမရိကန္တို႔ ေဆြးေႏြးတဲ့အေၾကာင္းနဲ႔ ထိုင္း-အေမရိကန္ ပူးေပါင္းၿပီး ျမန္မာျပည္သူေတြကို လူသားခ်င္းစာနာမႈ အကူအညီေပးႏိုင္မယ့္ အလားအလာကို ေဆြးေႏြးတဲ့အေၾကာင္း မေန႔ကလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရသူက ေျပာပါသည္။

အပြည့်အစုံဖတ်ရန်