International

ဘရူနိုင်းဘုရင်က မ.အ.လ ကို လူလိမ်ဟု မှတ်ချက်ပေး

ဘရူနိုင်းဘုရင်က မ.အ.လ ကို လူလိမ်ဟု မှတ်ချက်ပေး

Asean အဖွဲ့ကြီး၏ဥက္ကဌတာဝန်ကိုယူထားသော ဘရူနိုင်းနိုင်ငံ၏ဘုရင်ကြီး Hassanal Bolkiah သည် မြန်မာစစ်ကောင်စီအား Asean ထိပ်သီးအစည်းအဝေး မတက်ရောက်ရန်နောက်ဆုံး အဆုံးအဖြတ်လုပ်ခဲ့သူဟု RAW မှသိရှိရသည်။…


စ.က.စ ၏စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပထမအကြိမ် ဂျကာတာကိုလာစဉ်က ရှင်းပြခဲ့သည်မှာ အခြေခံဥပဒေအရ အာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်းပြောခဲ့သည်ကို ဘရူနိုင်းဘုရင်က သံသယဖြင့်လက်ခံခဲ့သည်ဟု သိရသည်။…


ပြီးခဲ့သည့်အပါတ်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စစ်တပ်အရာရှိများက သမ္မတရာထူးမှ နုတ်ထွက်ရန် အတင်းခြိမ်းခြောက်ခဲ့ကြောင်း ရှေ့နေကပြောဆိုသည့်သတင်းကို ဘရူနိုင်းဘုရင်ကြီးက ဖတ်ရှုသိရှိသွားသောအခါ မင်းအောင်လှိုင်လူလိမ်ပဲ ဟုပြောကြားခဲ့ကြောင်းသိရသည်။…


စစ်တပ်၏ရက်စက်ကြမ်းကြုတ်စွာပြုမူဆက်ဆံခဲ့သော နိုင်ငံရေးအကျဉ်းသားများ၏သတင်းကို ၎င်း၏နန်း တော်ကလည်းအထူးစောင့်ကြည့်လေ့လာခဲ့ကြောင်း ရန်ကုန်ရှိဘရူနိုင်းသံရုံးကလည်း အထူးဆောင်ရွက်ပေးရကြောင်းသိရလေသည်။…

ဘရူနိုင်းဘုရင်၏မင်းသက်ခံနှစ် ၅၀ ပြည့်ဧည့်ခံပွဲကို ၂၀၁၇တွင်ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်လည်းတက်ရောက်ခွင့်ရခဲ့သည်။ထိုအချိန်ကတည်းက ဘရူနိုင်းဘုရင်နှင့်သူ၏ မိဖုရားကြီး Saleha တို့သည် ဒေါ်အောင်ဆန်းစုကြည် အပေါ်ခင်မင်လေးစားမှုများရှိခဲ့ကြောင်း RAW မှသိရသည်။ ဘရူနိုင်းဘုရင်ကြီးသည် မင်းအောင်လှိုင်အားလူလိမ်လူကောက် တယောက်ဟုသိသွားသည့်သတင်းကို RAW မှ share ပေးလိုက်သည်။The Raw…

အပြည့်အစုံဖတ်ရန်